ပေါက်တော မတ် ၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား အဋ္ဌမအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin) ကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ရွက်ပေးကြသည်။ ထို့သို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တော မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ် (၃၀) ခန့်စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ပေါက်တော မြို့နယ်ရှိ ငှက်ချောင်း (၁) IDP စခန်းမှ (၁၄၃) ဦး၊ ငှက်ချောင်း (၂) IDPစခန်းမှ (၂၅၇) ဦး စုစုပေါင်း (၄၀၀) ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်