ခရိုင်နည်းစနစ်မှူးမှ နွေရာသီအခြေခံအားကစား သင်တန်းတက်ရောက်မည့် သင်တန်းသားများအား လာရောက်တွေ့ဆုံ

မိုင်းယန်း          မတ်     ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသွားမည့် နွေရာသီအခြေခံအားကစား သင်တန်းများတွင် တက်ရောက်သင်ကြားမည့် သင်တန်းသူ၊ သင်တန်းသားများအား  ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အားကစားခန်းမ၌ ခရိုင်နည်းစနစ်မှူးမှ လာရောက်တွေ့ ဆုံခဲ့သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေး က  နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့်  မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျကျ တက်မြောက်သည်အထိ  တက်ရောက်သင်ယူကြရန် ပြောကြားခဲ့သည်။ သင်တန်းများကို သင်တန်းနည်းပြဆရာ ()ဦးတို့မှ မတ်လ ၂၅ ရက်မှ ဧပြီ ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှူး ဦးအောင်သီဟကျော်ထံမှ သိရသည်။

ထွန်းထွန်းထူး