ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သားသတ်နှင့်အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံစျေးပြိုင်စနစ်ဖြင့်ရောင်းချခဲ့ပြီး ကျန်ရှိသည့် လုပ်ငန်းလိုင်စင်များအား အခြားနည်းဖြင့် ဆက်လက်ရောင်းချ

ပင်လောင်း  မတ်  ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သားသတ်နှင့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခဲ့ပြီး ကျန်ရှိသည့်လုပ်ငန်းလိုင်စင်များကို အခြားနည်းဖြင့် ယနေ့နံနက်ပိုင်း က မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရောင်းချရန်ကျန်ရှိသည့် လုပ်ငန်းလိုင်စင်များမှ စျေးပြိုင်စနစ်ဖြင့်  ဝယ်ယူသူမရှိသည့်အတွက်  အခြားနည်းဖြင့် ပင်လောင်းမြို့အဝင် ဘီးခွန်ကောက်လုပ်ငန်းလိုင်စင်ရောင်းချငွေ ကျပ်(,၅၀၀,၀၀၀) နောင်တရားမြို့အဝင် ဘီးခွန်ကောက် လုပ်ငန်းလိုင်စင်ရောင်းချငွေ (လုပ်ငန်းလိုင်စင်ရောင်းချငွေ(,၅၀၀,၀၀၀) ဆောင်းပြောင်း၊ ပင်ခွန်၊ နောင်ဝိုး   ကျေးလက်စျေးသုံးခုမှ (အမဲ) သားသတ်လုပ်ငန်းလိုင်စင်ရောင်းချငွေ ကျပ်(,၂၅၀,၀၀၀) ဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။

ခွန်အာကာစိုး