မူဆယ်မြို့တွင် သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မူဆယ်     မတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိူးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် ဥပဒေရေးရာ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ နာရီတွင်  အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးအယ်လ်စိုးထန်တူး က သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Network အသုံးပြုရာတွင် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မူဆယ်ခရိုင် ဒုတိယဉပဒေအရာရှိိ  ဦးကောင်းသော် က ဉပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်နန်းစောရင်နှင့် ဆရာမများ၊ နည်းပြဝန်ထမ်းများနှင့် သင်တန်းသူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)