လားရှိုးမြို့ ဟူးမွန်-မန်နား ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး   မတ်  ၂၅

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နယ်စည်ပင်သာယာရေး ဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် လားရှိုးမြို့ ဟူးမွန်-မန်နား ကိုယ်အားကိုယ်ကိုး မြေသားလမ်းမှ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (:၃၀)အချိန် က ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင် က ဟူးမွန်-မန်နား ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှကတ္တရာလမ်းသစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားရှင်းလင်းတင်ပြပေးခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်လမ်းဖွင့်ပွဲအား သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး) ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုကို၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ဇင်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာမှူး ဦးလှမျိုးတို့မှ လမ်းဖွင့်အထိမ်းအမှတ်အလံငယ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဟူးမွန်-မန်နား ကတ္တရာလမ်းသစ်အား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟူးမွန်-မန်နား လမ်းတည်ဆောက်ခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ သည့်ကတ္တရာ ၂၆.၈၉တန်(တန်ဖိုး ၃၈၉.၉သိန်း) ပြည်သူလူထု ထည့်ဝင်ငွေ (၈၂၃.)သိန်း၊ စုစုပေါင်း (ငွေကျပ်-၁၂၁၃.၄သိန်း)ဖြင့် အရှည် ၉၆၂၇ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး