မိုင်းယောင်း မတ် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်း က ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းတင့် က အမှာစကားပြောကြားပြီး တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးစိုးသီဟက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေနေအား ရှင်းလင်းတင်ပြသည်။
အစည်းအဝေးတွင် ရှမ်းအရှေ့ဒေသ ဆန်ဖူလုံစေရေး၊ မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေးအတွက် ဆန်စက် တစ်ခု တည်ဆောက်ရေးကို အသင်း၏ အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသားများက သဘောတူဆုံးဖြတ်ခဲ့သည်။
တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ကို ၂၀၂၂ ခုနှစ်၊ မတ် ၁၅ ရက်တွင် အသင်းသား ၁၀ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အသင်းသား တစ်ဦးလျှင် အစုငွေ ကျပ် ၂၀၀၀၀၊ အစုအရေအတွက် ၅၀၀ စု၊ အစုထည့်ဝင်ငွေပေါင်း ကျပ်သိန်း ၁၀၀ ဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း