သင်္ဃန်းကျွန်း မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကားမှတ်တိုင်များနှင့် လမ်းသွားလမ်းလာ ပြည်သူများ လက်ဝယ်သို့ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာတပ်မတော်ပါ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ တပ်မတော်၏အစဉ်အလာကောင်း (၁၂) ရပ်၊ နွေအလှကဗျာနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများပါဝင်သည့် သတင်းစကား" လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (အခမဲ့)ထုတ်ဝေခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး