သုံးခွ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁) ကျောင်းအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့နေ့လည် ၁၁နာရီ က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁)ကျောင်း၌ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက သုံးခွမြို့နယ် အထက(၁)ကျောင်းတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးမှာ ကြားခဲ့ကြကြောင်း သိရှိရသည်။
သုံးခွမြို့နယ်တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အထကကျောင်းများမှ မြို့နယ် အထက(၁)ကျောင်း၌ စာစစ်ဌာန(၂)ခုဖြင့်ဖြေဆိုမှာဖြစ်ပြီး စာစစ်ဌာန( ၁ )တွင် (၃၀၇)ဦး၊စာစစ်ဌာန( ၂)တွင် (၂၆၉)ဦး စုစုပေါင်း( ၅၇၆ )ဦးတို့က ၃၁ .၃.၂၀၂၂ ရက်နေ့မှ ၉.၄.၂၀၂၂ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)