ညောင်ရွှေ မတ် ၂၅
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု ကုံလုံကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်တို့က ကြီးကြပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ကုံလုံကျေးရွာရှိ လူဦးရေ ၂၇၉ ဦး နှင့် အိမ်ထောင်စု ၅၁ စုတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်