ရပ်စောက်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ရပ်စောက်   မတ်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်းများကို ယမန်နေ့ညနေ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် အေရိုးဗစ် (Myanmar Fitness Dance) အားကစားသင်တန်းကို အမှတ်()အခြေခံပညာ အထက်တန်းကျောင်း (ဗထူး) လည်းကောင်း၊ ဖူဆယ်အားကစားသင်တန်းကို ပန်းဝါဖူဆယ်အားကစားကွင်း၌ လည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစားသင်တန်းနှင့် မြန်မာ့သိုင်းအားကစားသင်တန်းကို မြို့နယ်အားကစားရုံ၌လည်းကောင်း ညနေ ()နာရီမှ ()နာရီအထိ ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် သင်ကြားပေးလျက်ရှိပြီး အဆိုပါ အားကစားသင်တန်းများသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)