ချောင်းဆုံ မတ် ၂၅
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေ စာရင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀) နာရီက မြို့နယ်(ထွေ/အုပ်)ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ အခြေခံမဲဆန္ဒရှင် စာရင်းများ ရေးသွင်းရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန် ရပ်ကွက် ကျေးရွာများ အလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)