လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စုတွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လဲချား မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရ‌သေးသည့် ကျေးလက်နေပြည်သူများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပုံတိုက်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ  ပုံတိုက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာမှ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများ ကာကွယ်ဆေးထိုး လာရောက်ထိုးနှံရာတွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ကျေးလက်နေ ပြည်သူများအား ကျေးရွာအုပ်စုများအလိုက် အဖွဲ့ခွဲ၍ ကွင်းဆင်း ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင်