မိုင်းယောင်း မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက “သမိုင်းအတွေ့အကြုံ များနှင့် ရင့်ကျက်သည့် တပ်မတော်” အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “ကာကွယ်စောင့်ရှောက် သွားမည်သာ”အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသရာ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း