နမ့်ဆန်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

နမ့်ဆန် မတ် ၂၅

 ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၁)နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

 အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက  (၇၇)နှစ်မြောက် တပ်မတော်နေ့နှင့်ပတ်သက်သော အကြောင်းအရာများကိုရှင်းလင်းဟောပြောပြီး  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်