လွိုင်လင်မြို့ မြကန်သာရေကန် ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

လွိုင်လင်  မတ် ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်( Mini Budget) ဖြင့် လွိုင်လင်မြို့ မြကန်သာ ရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ လွိုင်လင်ခရိုင် တည်ဆောက်ရေး လုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ မြကန်သာရေကန်ပတ်လမ်းတွင် ပြည်သူများစိတ်အေးချမ်းသာစွာ အပမ်းဖြေ အနားယူ လမ်းလျှောက်နိုင်ရန် ရည်ရွယ်၍ ရေကန်ပတ်လမ်းကို ကွန်ကရစ်လမ်းခင်းပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းသည် (အရှည်ပေ ၁၆၅၀၊ အကျယ် ၁၂ ပေ နှင့် အမြင့် ၆ လက်မ ) ရှိကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)