တံတားဦးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဆိုကြမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

တံတားဦး မတ်  ၂၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ထုတ်ပေးလျက်  ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပင်မစာစစ်ဌာနှင့် အထက-ချောင်းခွ စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၂)တို့၌ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ အထက-တံတားဦး(ပင်မ)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆို မည့်သူ(၃၇၄)ဦးရှိပြီး၊ အတွဲ(၁) ဖြေဆို မည့်သူ(၁၅၁)ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ(၁၈)ဦး၊ အတွဲ(၇)ဖြေဆိုမည့်သူ(၂၀၅)ဦး၊ အပြင်ဖြေဆို မည့် သူ(၂၂၀)ဦး ရှိရာ အတွဲ(၁)တွင်(၆၈)ဦး၊ အတွဲ(၂)တွင်(၇)ဦး ၊အတွဲ(၅)တွင်(၁)ဦးနှင့် အတွဲ(၇)တွင်(၁၄၄) ဦးဖြစ်ပြီး၊ အထက-ချောင်းခွစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုမည့်သူ(၁၄၁)ဦးရှိပြီး၊ အတွဲ(၁)ဖြေဆို မည့်သူ(၆၄)ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ(၃၇)ဦး၊ အတွဲ (၇)ဖြေဆိုမည့်သူ(၄၀)ဦး၊ အပြင်ဖြေဆိုမည့်သူ (၅၀)ဦးရှိရာ အတွဲ(၁)တွင်(၂၄)ဦး၊ အတွဲ(၂)တွင်(၉)ဦးနှင့် အတွဲ(၇)တွင် (၁၇)ဦး ဖြစ်သည်။

အဆိုပါ စာစစ်ဌာန(၂)ခုတွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား (၃၁၄)ဦး ကျောင်းသူ(၄၇၁) ဦး စုစုပေါင်း(၇၈၅)ဦးဖြစ်ရာ၊ အတွဲ (၁)တွင်(၂၉၄)ဦး၊ အတွဲ(၂)တွင်(၇၁)ဦး၊ အတွဲ(၅)တွင်(၁)ဦး၊ အတွဲ(၇) တွင် (၄၀၆)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်