ကွမ်းလုံ မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယနေ့နံနက်(၈)နာရီအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများ အသိ ပညာ ဗဟုသုဝ ကြွယ်ဝစွာရရှိရေးနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကွမ်းလုံမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်ထဲတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ၁၉၄၇ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါး၊ နွေအလှကဗျာနှင့် ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)