ချမ်းအေးသာစံ မတ် ၂၅
ဘက်စုံသားဖွား(ဒီပလိုမာ)သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းနှင့် အလုပ်ခန့် အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၆၈ လမ်း၊ ၃၀×၃၁ လမ်းကြားရှိ သားဖွားသင်တန်းကျောင်း(မန္တလေး)တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ခဲ့ပြီးနောက် သားဖွားသင်တန်းကျောင်း(မန္တလေး) ကျောင်း အုပ်ကြီး ဒေါ်ခင်မျိုးမြင့်မှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်တို့နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မျိုးမြင့်နှင့် သင်ကြားရေး ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်