ချမ်းအေးသာစံမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး မတ်   ၂၅

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ ခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားသောနေရာများနှင့် စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်သူများ သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ (၂၇-၃၂၀၂၁) ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ စိုးမိုး(ပုသိမ်)၏ နွေ အလှကဗျာ၊ တပ်မတော် ဆောင်ပုဒ်များ ပါရှိကြောင်းသိရသည်။

ထိပ်ထားနိုင်