ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ

ကျိုင်းတုံ မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဝန်ထမ်းများ အရည်သွေးပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဦးစီးဌာနတည်မြဲအမိန့် စာအုပ်ပါ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းတာဝန်များအကြောင်း ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက  အဆိုပါစာအုပ်ပါဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ မိမိ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်စေရေး စသည့်အကြောင်းအရာ များကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)