ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မတ် ၂၄ ရက်က ကျင်းပသည်။

ဆွေးနွေးပွဲတွင်  လူငယ်များ စာရိတ္တကောင်းမွန်စေရေး၊ တိုင်းပြည်ချစ်စိတ်ထက်သန်စေရေး၊ လူ့စွမ်းအားမြင့်မားပြီး ဘက်စုံထူးချွန်ကာ ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်ပေါ်လာစေရေး၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသည့် လူငယ်များ ပေါ်ထွန်းလာစေရး၊ လူ့စွမ်းအားမြင့်မားသည့် လူအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရး စသည့် ရည်ရွယ်ချက်များဖြင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာရိတ္တမဏ္ဍိုင် ခေါင်းစဉ်ဖြင့်  လည်းကောင်း၊ ခရိုင်ဦးစီးအရာရှိ ဦးမောင်မောင်နိုင်က အသိဉာဏ်ပညာ၏ ဆီမီးအလင်းရောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်သီသီဝင်းက စာဖတ်ဝါသနာ ပြုစုပျိုးထောင်ပါ ခေါင်းစဉ်ဖြင့် လည်းကောင်း စသည့် လူငယ်ရေးရာ သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် We Love Kyainge Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်