မိုးကောင်း မတ် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မတ် ၂၅ ရက်နံနက် (၁၀)နာရီတွင် လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ မြို့ပေါ်ရှိယာယီပျံကျဈေးရောင်း ဈေးဝယ်သူများ၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော် ခေါင်းဆောင်ကြီး၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကဗျာနှင့် ဆောင်းပါး စသည်ဖြင့် ဖော်ပြထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)