ကျိုင်းတုံ မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က ဝန်ထမ်းများ အရည်သွေး ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ဦးစီးဌာန တည်မြဲအမိန့် စာအုပ်ပါ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းတာဝန်များအကြောင်း ဦးဆောင်ဆွေးနွေးသည်။
ထိုနောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက အဆိုပါစာအုပ်ပါ ဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေး၊ မိမိ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေရေး စသည့် အကြောင်းအရာများကို အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်