မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မိုးကုတ်  မတ်  ၂၅

 မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင်ံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၂ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၏ တပ်မတော်နေ့ ဆိုင်ရာ သမိုင်းစာအုပ်များ၊ တပ်မတော်နေ့နှင့် ပတ်သက်သည့် သုတ/ရသဆောင်းပါး၊ကာတွန်း၊ဝတ္တုများအားခင်းကျင်းပြသခဲ့ရာ စာဖတ် ပရိတ်သတ်များမှ  စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နန်းခွာညိုနှင်း