တနိုင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

တနိုင်း မတ် ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယ‌နေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝါဦးက ယခုလိုပြိုင်ပွဲ ကျင်းပပေးခြင်းဖြင့် ကလေးများ စာပေဖတ်၊ မှတ်၊ လေ့လာတတ်စေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ဖြစ်စေရန်၊ လူအများရှေ့ထွက်ပြီး ပြောရဲဆိုရဲရှိစေသည့် အလေ့အထကောင်းများ ရရှိစေကြောင်း​ ပြောကြားခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦးမှ "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး"ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)