ဝိုင်းမော် မတ် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခိုင်သက်မွန် ဦးဆောင်၍ ဝန်ထမ်းများက ဈေးရောင်း/ ဈေးဝယ်များ၊ ကုန်စုံဆိုင်များ၊ ကျောင်းသား/ သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်၌ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ပါဝင်ကူညီ (ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ စာရေးဆရာ စိုးမိုး(ပုသိမ်)၏ “နွေအလှ” ကဗျာ အစရှိသည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကို ပြည်သူများနှင့် ခရီးသွားလာသူများ လေ့လာဖတ်ရှု့ နိုင်စေရန်အတွက် သတင်းစကား လက်ကမ်းစာစောင် အစောင်ရေ (၂၅၆)ကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဝိုင်းမော်(ပြန်/ဆက်)