စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး

စဉ့်ကိုင်     မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်း ကျဆင်းစေရေးနှင့်ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံ၌  (Covishield) ထိုးနှံပြီး(၆) လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ(Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊  ပလိပ်တိုက်နယ် ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါ နှိမ်နှင်းရေး)၊    ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်  ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ်  တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊   ဒေသန္တာရ  စည်းကမ်းချက်များ၊   ကျန်းမာရေး၀န်ကြီးဌာနက    ထုတ်ပြန်ထားသော ညွှန်ကြားချက် များ အတိုင်းလိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ(၂၄)ရက်နေ့အထိ   First Dose   (၈၃၈၈၃)ဦး    Second Dose   (၅၉၈၅၁)ဦးနှင့် Third Dose (Booster Dose) (၁၄၃၇) ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၃.၇၉%) အားထိုးနှံပေးပြီးဖြစ်ရာကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက  ဆက်လက် ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း