ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ပေါက်တော မတ် ၂၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရာတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနရှိ ကျောင်းအုပ်ကြီးများထံမှ ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင် ထုတ်ယူကြရမည် ဖြစ်ပြီး ပြင်ပမှ ဖြေဆိုကြမည့်သူများ အနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် စာစစ်ဌာန(၇)ခုရှိပြီး ကျောင်းတွင်းမှ ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား (၄၅၃)ဦး၊ ကျောင်းသူ(၅၄၃)ဦးနှင့် ပြင်ပမှဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား(၅၅၄)ဦး၊ ကျောင်းသူ(၆၃၇)ဦး စုစုပေါင်း (၂၁၇၈)ဦးရှိကြောင်း ပေါက်တော မြို့နယ် ပညာမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)