(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

သထုံ   မတ်   ၂၄

မွန်ပြည်နယ်၊‌‌ သထုံမြို့တွင် လာမည့် မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်က အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် လူအများသွားလာရာ နေရာတို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည် ချက်များ၊ ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ် နှင့် ကဗျာများ၊ ဆောင်းပါးများ စသည့် တပ်မတော်နေ့နှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာများကို ဝေဝေဆာဆာ ဖော်ပြပါရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)