ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ နွေရာသီကျောင်းပိတ်ရက် အေရိုဗစ်နှင့်မြန်မာ့သိုင်း အခြေခံအားကစားနည်း သင်တန်းအခမဲ့ ဖွင့်လှစ်

ဒဂုံအရှေ့ မတ်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအားကစားနည်းများကို အခြေခံ ပညာမူလတန်း အမှတ်(၆)ကျောင်း၌ ယနေ့နံနက်ပိုင်း၉နာရီမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 အဆိုပါအားကစားနည်းသင်တန်းဖွင့်လှစ်ရာတွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ် ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ်မြန်မာ့သိုင်း၊ အေရိုဗစ်သင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းကာလအဖြစ်ယနေ့မတ်လ(၂၄)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ နေ့စဉ်နံနက်(၉)မှ နံနက်(၁၀:၃၀)နာရီ အထိ အားကစားသင်တန်းများအား အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက်နွေရာသီကျောင်းပိတ်ရက်ဖွင့်လှစ်ထားသော အခြေခံအားကစားနည်းသင်တန်းသို့ ယနေ့တွင် အေရိုဗစ်သင်တန်း ကျောင်းသား/ကျောင်းသူ (၄၀)ဦး၊ မြန်မာ့သိုင်း အားကစားနည်း (၄၀)ဦး စုစုပေါင်း(၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိရာ ဆက်လက်၍ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဝင်းအိမွန်