ရန်ကုန် မတ် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၏ ဦးဆောင်မှုဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်အား စာပေချစ်မြတ်နိုး သူများအသင်း (Book Club)မှ အဖွဲ့ဝင်များက လူငယ်များ ကြီးပွားတိုးတက်စေရေးအတွက် နည်းလမ်းကောင်းများအား ကဏ္ဍ အလိုက် ဖတ်ရှုခဲ့ကြပြီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ် ဝိုင်းများကို စာပေချစ်မြတ်နိုးသူများအသင်းဝင်များဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုလိုစိတ်၊ စာပေဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိကြောင်းလည်း သိရသည်။
ကျော်သူဟိန်း