ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းဖြန့်ဝေခြင်း ဆောင်ရွက်

 

ကျောက်ဖြူ   မတ် ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ အစိုးရရပ်ကွက်ရှိ မြို့အဝင်အထွက် နေရာဖြစ်သည့် Wel Come To Kyauk Phyu နေရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  

 ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့ စုမှူး ရဲအုပ်သန်းစိုးအောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ဒုရဲမှူး ခင်မောင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက မြို့အဝင် အဝေးပြေးကားလမ်း မကြီးတစ်လျှောက် ဖြတ်သန်းမောင်းနှင်လာသည့် အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်း နှင့် သူများနှင့် ကား၊ဆိုင်ကယ်စသည့် မော်တော်ယာဉ်မောင်းများကို စစ်ဆေးပေး၍ စက်ဘီး ဆိုင်ကယ် မောင်းနှင်သူများအား အရည်အသွေးမြင့်သော ဆိုင်ကယ်ဦးထုပ်များ သေချာစွာတပ်ဆင် မောင်းနှင်ကြရန်၊ နှစ်ဦးထက်၍ သယ်ဆောင်မောင်းနှင်ခြင်း မပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင်ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်လိုက်ပါသူများအနေဖြင့် အသက်ကယ်ခါးပတ်အား တပ်ဆင်မောင်းနှင်ကြရန် ယာဉ်ကြောပိတ်ဆို့ မှုမဖြစ်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အချက်ပြစနစ် (သို့) မီးပွိုင့်အချက်ပြမီးစနစ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး စသည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးများ‌ဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းမပါရှိသည့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

    တင်ထွန်းဦး ၊ဖြိုးဝေလင်း(ပြန်/ဆက်)