မွန်ပြည်နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မော်လမြိုင် မတ် ၂၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်၂၀၂၂ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကို(၃၁-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ တက္ကသိုလ်၀င် စာမေးပွဲကို စာစစ်ဌာန(၄၆)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့  မွန်းတည့် ၁၂ နာရီက ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကား ပြောကြားရာတွင် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မဖြေဆိုမီ၊ဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည်အထိ လုံခြုံရေး အင်အား အပြည့်အဝဖြင့် စီမံဆောင်ရွက်ထားရှိမှု၊ သက်ဆိုင်ရာ နယ်မြေများအလိုက် စာစစ်ဌာနများ ထားရှိမှုအတွက် လုံခြုံမှုရှိစေရေးကို ပညာရေးဌာနမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက်ကြရန်နှင့် မလိုလားအပ်သော သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်‌ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က စာစစ်ဌာနထားရှိသည့် ကျောင်းများအနေဖြင့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)