နမ့်စန်တွင် ကျား/မရေးရာ၊ ရေအသုံးချမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

နမ့်စန်()    မတ်  ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်မြို့အခြေစိုက် လွိုင်ခမ်းအမျိုးသမီးအဖွဲ့က ဆောင်ရွက်သော ကျား/မရေးရာ၊ ရေအသုံးချမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ (Wash and Gender Awareness Raising) သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် နာရီက စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရက်ကြာဖွင့်လှစ်၍ လွိုင်ခမ်း အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့် ဦးဆောင်သော အဖွဲ့က လိင်(Sex) နှင့် ကျားမရေးရာ(Gender) ရေအသုံးချမှု နှင့် အလုပ်တာဝန်ခွဲဝေမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ အမှတ်()ကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စု၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုင်းနာကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ရွာမှ ဒေသခံအမျိုးသား အမျိုးသမီး စုစုပေါင်း ၃၀ ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)