ကျောက်တန်း မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများက အမှတ်(၇)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ အတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ မီးဘေးနှင့်ကြုံတွေ့လာပါက ဆုံးရှုံးမှု နည်းပါးစေရန်နှင့် အမြန်ဆုံးငြိှမ်းသတ်နိုင်ရေး အတွက် ဆောင်ရွက်ရမည်နည်းလမ်းများ၊ မီးသတ်ဆေးဘူးများ လက်တွေ့အသုံးချနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်မီးငြှိမ်းသတ်ခြင်းဆိုင်ရာ လက်တွေ့ သရုပ်ပြခြင်းတို့ကို မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများမှ လက်တွေးစမ်းသပ် မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အိသန္တာချို