ကော့မှူး မတ် ၂၄
ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအတွက် အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဒေသခံ ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများအား ဈေးနှုန်း သက်သာစွာ လာရောက်ရောင်းချပေးနေ ကြောင်း သိရသည်။
ထိုသို့ဈေးရောင်းချရာတွင် ဧည်မထတစ်ပြည်လျှင် ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပေါ်ဆန်းမွှေး တစ်ပြည်လျှင် ငွေကျပ်(၁၇၀၀)နှုန်းဖြင့် ဆန်ငါး ပြည်တစ်အိတ်ကို ငွေကျပ်(၈၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ကြက်ဥ (၁၀)လုံး တစ်ကတ်လျှင၁၅၀၀ကျပ်နှုန်းဖြင့် ကြက်ဥ(၅၀)ကတ်အားလည်းကောင်း၊ ဆီငါးဆယ်သား တစ်ဘူးကို ငွေကျပ်၂၉၀၀ဖြင့် ဆီဘူး (၂၀၀ )ဘူးတို့ကို လာရောက် ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းအိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကျော်သူရ