မိုင်းယန်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ ညပိုင်းတွင် လှည့်ကင်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂၈၁)မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မိုင်းယန်းမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးညွှန့်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မျိုးသူနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မိုင်းယန်းမြို့နယ် အတွင်းရှိ အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဉပဒေစိုးမိုးရေးတို့အတွက် ညစဉ်ကင်းလှည့်ခြင်းနှင့် ဧည့်စာရင်း စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
တရားဉပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသားစွာ နေထိုင်နိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ မိုင်းယန်းမြို့နယ် အတွင်း ဒုစရိုက်မှုများ လျော့နည်း ကျဆင်းစေရေးအတွက် ယခုကဲ့သို့လှည့်ကင်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆက်လက်၍ မြို့နယ် အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး