ကျောက်မဲ မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်တွင် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ခရိုင်/မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ တည်ဆောက်လျက်ရှိသည့် အမှတ် ၂ ရပ်ကွက်ရှိ စစ်စံထွန်းလမ်းနှင့် နမ့်စလင်းကျောင်းလမ်း၊ အမှတ် ၅ ရပ်ကွက်ရှိ ချယ်ရီလမ်း၊ အမှတ် ၈ ရပ်ကွက်ရှိ အမက ၉ ကျောင်းရှေ့လမ်းတို့၏ လမ်း/ တံတား ချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများနှင့် ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြို့နယ်ဘောလုံးကွင်း မြေညှိမြှင့်တင်ခြင်း၊ အုတ်ရေနှုတ်မြောင်းတူးဖေါ်ခြင်း၊ သံဇကာကာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီအောင်၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)၀၉၉၆၄၇၃၀၆၅၁