မိုင်းဖြတ်မြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းဖြတ် မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေး၊ ယာယီပျံကျ ဈေး၊ အခြေခံပညာကျောင်းများ၊ တက္ကဆီဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာနှင့် ဝန်ထမ်း များက မြို့မဈေး၊ ယာယီပျံကျဈေးရှိ ဈေးရောင်းဈေးဝယ်များ၊ တက္ကစီဂိတ်များ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ သတင်းစကားလက်ကမ်းစာစောင်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ (၁၉၄၇)ခုနှစ်၊ ဇွန်လဆန်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ စိုးမိုး(ပုသိမ်)ရေးသားထားသည့် နွေအလှကဗျာများစသည့် သိမှတ်ဖွယ်ရာများပါရှိကြောင်း သိရသည်။

သန်းထွန်းအေး