တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ရပ်ကွက်နေပြည်သူများ သွားလာလမ်းတွင် ရေစီးရေလာကောင်းမွန်စေရန် Box Culvert ဆောင်ရွက်ပြီးစီး

တာမိုးညဲ မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ရပ်ကွက်နေ မိဘပြည်သူများ သွားရာ လမ်းတွင်   ရေစီးရေလာကောင်းမွန်စေရန်နှင့်    မိုးတွင်းအခါ ရေကြီး ရေလျှံမှုမရှိစေရန် ရပ်ကွက်(၆)ပတ်လမ်း၌  Box Culvert  (၁)စင်းကို  (၁-၃-၂၀၂၂)ရက်နေ့   စတင် ဆောင်ရွက်၍  (၂၃-၃-၂၀၂၂)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

အဆိုပါ Box Culvert ဆောင်ရွက်ရာတွင် တာမိုးညဲမြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃) လပတ် ငွေလုံးငွေရင်းလုပ်ငန်း ရန်ပုံငွေ(၄.၆၅)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာမှ တာဝန်ခံ ဦးဝင်းလွင်ဦးနှင့် ဝန်ထမ်းများက ကြည့်ရှုခဲ့ကြောင်းသိရသည်။

(ခေါန်မိုင်)၊တာမိုးညဲ