မိုးကုတ် မတ်၂၄
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများက သံဃာတော် များအား ဆန်၊ ဆီ၊ ဆေး၊ ဆား စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။၏
ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်ကာလအတွင်း သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရန် အတွက် ဝန်ထမ်းများစုပေါင်း၍ ဆန်၊ ဆီ၊ ဆေး၊ ဆားများကို လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းငွေ ကျပ်စုစုပေါင်းတန်ဖိုး (၃) သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်း မြို့နယ် လဝကဦးစီးအရာရှိ ဦးထွန်းထွန်းထံမှ သိရှိရသည်။
နန်းခွာညိုနှင်း