မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုးကုတ် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်-ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား မြိုနယ်လုံးလွှမ်းခြုံနိုင်စေရန် ယခုလ မတ်လဆန်းမှစတင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊Vounteer များ စုပေါင်းကာ Mobile Team အဖွဲ့( ၆ )ဖွဲ့ဖွဲ့စည်းပြီး  မြို့ပေါ်နှင့်ကျေးရွာများတွင် စုရပ်များ သတ်မှတ်၍ အရှိန်အဟုန်မြင့်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် အသက်( ၁၂ )နှစ်နှင့်( ၁၈ )နှစ်အကြား ကလေးများ၊ အသက်( ၁၈ )နှစ်နှင့်အထက်တွင် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ သီလရှင်များဝန်ထမ်းများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်များ ဆက်လက်ထိုးနှံပေးလျက်ရှိပါသည်။

အဆိုပါ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများအားထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းပေးပြီး စည်းကမ်းကိုက်ညီသူများအား ဆေးထိုးပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

နန်းခွာညိုနှင်း( ပြန်/ဆက်  )