တောင်ကြီး မတ် ၂၄
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ၊ တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ဆောင်ပါးများ၊ ဆောင်ပုဒ်များ၊ ကဗျာများကို နံရံကပ် စာစောင် များဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ခြင်းနှင့် ပြည်သူများ စာပေဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသပေးခဲ့သည်။
အဆိုပါပြပွဲသို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်ပေါင်း ၂၀၀ ကျော်ကို ပြသ ဆောင်ရွက်ခဲ့ပြီး ပြပွဲသို့လာရောက် လေ့လာကြည့်ရှုကြ သူများအား (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်း စာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဇော်နိုင်လင်း