မလှိုင် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက ယမန်နေ့က မြို့ပေါ်ရှိ ဌာနဆိုင်ရာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော် နေ့ဦးတည်ချက်များ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါး၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂ဝ၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် ၊ စိုးမိုး(ပုသိမ်)ရေးသားသည့် နွေအလှကဗျာ (၂၇-၃-၂၀၂၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ )နှင့် တပ်မတော်ဆိုင်ရာ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)