တောင်ကြီးမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

တောင်ကြီး  မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိရေးနှင့် တပ်မတော်နေ့အကြောင်း သိကောင်းစရာများကို လေ့လာဆည်းပူးနိုင်ရန် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် တပ်မတော် သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်၊ တည့်မတ် ထိန်းသိမ်းဆောင်ရွက် လျက်ရှိ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက် သွေးချွေးစဉ် မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည် စသည့် အကြောင်းအရာများစုံလင်စွာပါရှိသည်။

အဆိုပါလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေထားခြင်းဖြစ်ပြီး ပြည်သူများ အသိပညာ ဗဟုသုတရရှိရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇော်နိုင်လင်း