နွားထိုးကြီး မတ် ၂၄
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စ၍ မြို့နယ်မိခင် ကလေးဌာန၊ သုခချမ်းသာကျန်းမာရေး စောင့်ရှောက်မှု နှင့်လူမှုအထောက်အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covi shleld အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ် အထက်ပြည်သူများကို ဆေးတစ် လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံပေးလျက်ရှိသည်။ နွားထိုးကြီး မြို့နယ်တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၅၅၇၇၀)ဦး လျာထားပြီး (၃၈၇)ဦး ထိုးနှံ ပေးခဲ့ရာ စုစုပေါင်း (၈၂၃၈၆)ဦး ဆေးထိုးပြီး၊ ကျန်ရှိသူ (၇၃၃၈၄)ဦး ဖြစ်ကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မ တီထံမှ သိရသည်။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်း များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများကိုလည်းသတ် မှတ်ဦးစား ပေးအုပ်စုအလိုက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်