မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေး

မောက်မယ်  မတ်၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန်ရေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင် အထွက်ဂိတ်တွင် ရှောင်တခင် စစ်ဆေးခြင်းကို  ယနေ့ နံနက် ၆နာရီခွဲကစတင်ပြီး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။ 

ထိုသို့စစ်ဆေးရာတွင်  အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ကာကွယ်ဆေးအား ထိုးနှံပြီး/ မပြီးနှင့် ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်များ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား  မြို့ဦးအဝင် အထွက်ဂိတ်တွင် ချက်ခြင်းထိုးနှံ စေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရ ပြည်သူများကို စည်းရုံးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး  စစ်ဆေးကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)