သထုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ

သထုံ မတ်  ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံမြို့နယ်ဥပဒေရုံးမှ ဒုတိယ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်နှင်းဝေက ကလေးသူငယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ ယင်းဥပဒေ၏ ရည်ရွယ်ချက်များ၊ တည်ဆဲဥပဒေနှင့်အညီ ကလေးသူငယ်များ ရရှိခံစားရမည့် အခွင့်အရေးများ အကာအကွယ်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးများ ခံစားနေရသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အိမ်တွင်းအကြမ်းဖက်မှုများနှင့် ပတ်သတ်သည့် ပြစ်မှု ပြစ်ဒဏ်များ၊ ကလေးသူငယ်တရားရုံးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကင်းဝေးစေရေး သတိပြု လိုက်နာသင့်သည့်အချက်များ စသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ခရိုင်ပြန်/ဆက်)