ကျောင်းသား​ကျောင်းသူ၊ လူငယ်များအသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်​စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး​​စေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန် မတ်

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို   အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရ ကျောင်းသား၊   ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန် လူငယ် လူရွယ် ကျောင်းသား​ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်​​စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် နာရီခွဲက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်အတွင်းရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်​ရေးရာဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်​ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပ သည်။

ဆိုပါ​ဟော​ပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသားကျောင်းသူ၊ လူငယ်များသည် အနာဂတ် တိုင်းပြည်အတွက်အား ကိုးယုံကြည်ထိုက်သည့် ခေတ်ပညာတတ်လူရည်ချွန်၊ လူရေမွန်များ ပေါ်ထွက်လာရေး၊ လူငယ်များအတွက် ပညာရေးသည်အဓိကဖြစ်ကြောင်း၊   ငယ်စဉ်မှစ၍ ပညာကြိုးစားသင်ယူ​စေလို ကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး ကြီးပွား​ရေးအမြင်ရှိ​စေ​​ရေး​တို့အပြင် မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန် ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဟောပြောသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်​ရေးရာဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးဒေါ်ဖြိုးပိုပို​ထွေးက ကျောင်းသား​ကျောင်သူ လူငယ်များအနေဖြင့်   ကျောင်းပညာရေးအပြင်  အားကစားကဏ္ဍ  အထူးလေ့လာလိုက်စားစေလိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်​စေရန် အားကစား​လေ့ကျင့်ခန်းများ ပြုလုပ်ကြ​စေလို​ကြောင်း၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာ စေလိုကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန်၊ အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက် တို့ကို ရှင်းလင်းဟောပြောကြားသည်။

ထို​နောက်အ​နောက်ပိုင်းခရိုင်ပညာ​ရေးမှူး​ဒေါ်မာလာရီက​ကျောင်းသား​ကျောင်သူများအ​နေဖြင့်​ကျောင်းစာသင်ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်​စေလို​ကြောင်း၊ စနစ်သစ်ပညာ​ရေးတွင်၊ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာများကို အပြုသ​ဘော​ဆောင်သည့် စိတ်ဓါတ် ထားရှိသင့်​ကြောင်း၊ မိဘ၊ ဆရာတို့၏​ကျေးဇူးတို့ကို မ​မေ့သင့်​ကြောင်း၊ စာ​ပေဗဟုသုတမှတို့မှတစ်ဆင့် လူငယ်များအတွက်​ လေ့လာသင်ယူရမည့် အခွင့်အလမ်း​ကောင်းများစွာရှိ​ကြောင်း၊ ကျောင်းသား၊​ကျောင်းသူများသည်၊ နိုင်ငံ​တော်တာဝန်ကို ပခုံး​ပြောင်းထမ်း​ဆောင်ရမည့်လူ​ကောင်းလူ​တော်များဖြစ်​စေလို​ကြောင်းနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်း​စောင့်​ရှောက်နိုင်​စေရန် တို့ကို ရှင်းလင်း​ပြောကြားသည်။

ယင်းနောက်အားကစားနှင့် လူငယ်ရေးရာဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြိုးပိုပိုထွေးကလေ့ကျင့်​ရေး အထက်တန်း ကျောင်း၊ ကမာရွတ်သို့ အားကစားပစ္စည်းများလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသွယ်သွယ်ဦးမှ လက်ခံရယူပြီး၊​ ကျောင်းအုပ်ဆရာမကြီးက​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားသည်။

အဆိုပါ​ဟော​ပြောပွဲသို့ ပညာ​ရေးတက္ကသိုလ်​လေ့ကျင့်​ရေး အထက်တန်း​ကျောင်းမှ​ ကျောင်းသား၊​ကျောင်းသူ(၄၀၀)ဦးခန့် တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ထို့​နောက်​ဟော​ပြောပွဲသို့ တက်​ရောက်လာသည့်​ ကျောင်းသား​ကျောင်းသူများက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာ​ပေးစာအုပ်စာ​စောင်များ၊ နံရံကပ်ဓါတ်ပုံပြဘုတ်များကို​ လေ့လာကြည့်ရှု​ခဲ့​ကြကြောင်း သိရှိ​ရသည်။

အောင်မြင့်