လသာမြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

လသာ မတ် ၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မင်းနိုင်ကလာမည့် တက္ကသိုလ်၀င်စာ​မေးပွဲကို​ အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ဌာနဆိုင်ရာများအ​နေဖြင့်ပူး​ပေါင်းပါ၀င်​ဆောင်ရွက်​စေချင်ကြောင်း၊ စာ​မေးပွဲကာလအတွင်း ကိုဗစ်ကာကွယ်​ဆေးထိုးနှံ​ရေးကို မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနတွင် ဆက်လက်​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သဘာ၀​ဘေးအန္တရာယ်များ ဖြစ်​​ပေါ်လာပါက ကူညီကယ်ဆယ်​ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပါ၀င်သည့်အဖွဲ့ကို ဖွဲ့စည်းထား​ကြောင်း၊ သက်ပြန် ကာလတွင် မိမိရုံးဌာန၏ လုံခြုံ​ရေးဂရုပြု​ဆောင်ရွက်သွား​စေလို​ကြောင်း ရှင်းလင်း​ဆွေး​နွေးကာ တက်ရောက်လာသော ဌာနဆိုင်ရာ များမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နံနက်( ၁၁ :၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)